ကျွန်တော်
အသစ်ဝယ်ထားတဲ့ ဂိမ်းစက်ကလေးကို ကြွားမလို့ ပါ။ ဒါက တော့ Nintendo ကထုတ်တဲ့ 3DS XL
Animal Crossing bundle ပါ။ 3DS ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်၊ 3DS XL က ဂိမ်းဆော့ လို့ ရတဲ့
မျက်နှာပြင်ပို ကြီးတော့ ပိုပြီးဆော့လို့ကောင်းပါတယ်။ ဒါပေမယ့် ပုံမှန် 3DS ထက်တော့
ပိုပြီးလေးတာပေါ့နော်။ ကျွန်တော့် သူငယ်ချင်းကပြော
ဖူးတယ် Nintendo ဆိုတာကလေးတွေ ဆော့တာ၊ တကယ့် Gamer တွေက Playstation, PC နဲ့ Xbox မှဆော့တာလို့
သူကပြောဖူးပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ Nintendo ကိုဆော့ လေ့မရှိပါဘူး။ ဒါပေမယ့်
ဒီဂိမ်းစက်ကို ၀ယ်ရတဲ့ ကြောင်းလေးက ဒီ Animal Crossing ဂိမ်း ကြောင့်ပါ။ ပုံမှန်ထက်
ပိုလှတာတော့ အမှန်ပဲ။ ကျွန်တော်က အဖြူရောင် Electronics အသုံးဆောင်ဆိုရင်တော်တော် ကြိုက်ပါတယ်။
(အရင်တစ်ခေါက် PSP တုန်းက လည်း အဖြူလေး လက်ဆောင် ရထားတာပါ။) ခု အဖြူ ပေါ်မှာ Animal
Crossing ထဲက အသီးလေးတွေနဲ့ ဆိုတော့ တော်တော်လေးကို သဘောကျပြီး ၀ယ်ခဲ့တာပါ။ Animal
Crossing ဂိမ်းကလည်း အရမ်းကောင်းပါတယ်။ ၂၁၀၃ မှာထွက်တဲ့ Nintendo ဂိမ်းတွေထဲမှာ အကောင်းဆုံးလို့ပြောလို့
ရပါတယ်။ ခုတော့ ဒီဂိမ်းစက်လေးရလို့ ကျွန်တော် ကတော့ တော်တော် ပျော်နေပြီ။ ဟဲဟဲဟဲ… ပျော်လွန်းလို့
လည်း မျှဝေလိုက်တာပါ။ ကျေးဇူးပါ။
ဒီဘူးလေးက ကျွန်တော်ဟာကျွန်တော် သက်သက်ဝယ်ထားတာ ပါ။