မြန်မာ အက္ခရာမှာ မောက်ချ နဲ့ ရေးတာ ဘယ် နှစ်လုံးရှိလဲ။ ဒီလိုမေး
လိုက်လို့ "ကကြီး ကနေ အ" ထိ "ကာ၊ခါ … အာ" လုပ် မနေပါနဲ့။ ဒီမေးခွန်းလေးက ကျွန်တော် ၁၀ တန်း
တုန်းက ကျူရှင်မှာ မြန်မာစာ ဆရာ ဦးကြည့် မြှင့် က မေးတဲ့ မေးခွန်းလေးပါ။ ကျွန်တော်
က မြန်မာစာ ညံ့တယ်။ ဒါပေမယ့် ဆရာတွေ ချစ်တာကိုတော့ ခံချင်တယ်။ ဒီတော့ ဆရာတွေပြော သမျှ ကို
လိုက်မှတ်ထားတယ်။ ဆရာကြီး ပြောတာတွေဆို များလွန်းလို့ မှတ်လို့ ကို မနိုင်ပါဘူး။ ဒီထဲ
က ကျွန်တော် မှတ်မိတာ တစ်ခုကို ပြန်ပြော ပြတာပါ။
ဆရာ အဲ့လိုမေးတုန်းက တစ်ခန်းလုံး ဘယ်သူ မှ
မဖြေနိုင်ဘူး။ ဒါနဲ့ ဆရာ က မဖြေနိုင်လဲ ထားလိုက်ပါတော့ ဆိုတဲ့ သဘောမျိုးနဲ့ သူပြော
စရာရှိတာကို ဆက်ပြောတယ်။ ပုံပြင် တစ်ပုဒ် လိုပဲ။ ဆရာဘာပြောလဲ ကြည့်ရအောင်။
ကောင်လေး တစ်ယောက်ရှိတယ်။ အဲ့ဒီကောင်လေးက
စာမလုပ်တော့ မိဘတွေက ဆူလွှတ်လိုက်တယ်။ ဒီတော့ အကိုတွေ ၊ အမတွေ ဆီသွားတယ်။ သူတို့ ကလဲ
မချော့တဲ့ အပြင် ထပ်ပြီး ဆူလွှတ်လိုက်တော့ ကောင်လေး စိတ်ပျက်ပြီး အပြင်ထွက်လာတယ်။ လမ်းမှာ
ခွေးလိုက်လို့ ထွက်ပြေးရပြန်ရော်။ ခွေး မလိုက်တော့ တဲ့ နေရာရောက်တော့ ကောင်လေးက မောမောနဲ့
နားလိုက်တယ်။ သူ့ကို အားလုံးကနိုင်နေ ကြပါလားလို့ ထင်ပြီး သိမ်ငယ် လာတယ်။ အဲ့ဒီ အချိန်မှာပဲ
တိုရှည်ရောင်းတဲ့ ကုလားမကြီးကိုတွေ့တယ်။ အဲ့ဒီကုလားမကြီးကိုတော့ သူနိုင်မှာပဲဆိုပြီး
တိုရှည်ကိုသွားဝယ်တယ်။ ပညာ ပြချင်တာနဲ့ ကုလားမကြီးကိုအော် လိုက်တယ်။ ဘာလို အော်လိုက်လဲ
ဆိုတော့ … “ဒါ ငါ့ ပါဝါ ၊ ခါဂါ မှတ်ထား….” အဲ့ဒီမှာတင်ပုံပြင်ကပြီးသွားပါတယ်။ ပြီးပြီး
ချင်တော့ ဆရာဘာပြောတာလဲ ပေါ့။ ပြီးတော့ မှ ဆက်ပြောတယ်။ မြန်မာ စာ မှာ မောက်ချနဲ့ ရေးတာ၊
ဒါအကုန်ပဲတဲ့။
ဆရာသာ ဒီလိုမပြောခဲ့ ရင် ကျွန်တော် တစ်သတ်လုံး
မှတ်မိမယ် မထင်ပါဘူး။ ဆရာ က စာသင်တတ်တယ်၊ အပြောကောင်းတယ်။ ကျွန်တော် အဲ့ဒီမှာ နားထောင်ခဲ့
ရတာ က ရင်ထဲ ထိတောင်ရောက်တယ်။ အခု ကျွန်တော် ပြန်ရေးနေတာ က သူပြောခဲ့ တာ ကို လုံးဝ
မမှီဘူး။ ဆရာကို သိတဲ့ လူတွေ နားလည်ကျမှာပါ။
ကဲ… မှတ်ထားကျနော်။
ဒငပဝခဂ… “ဒါ ငါ့ ပါဝါ ခါဂါ မှတ်ထား” ။