Welcome To Alfalfa Snow Blog

You are warmly welcome from Alfalfa Snow Blog. To read the entire blog. You should have ZawGyiFont in your computer and browser. To download ZawGyiFont, you may click HERE. If you can read the following phrase: မင်္ဂလာပါ။ , you can read the entire blog. Thanks.
Alfalfa

Monday, September 2, 2013

ကျွန်တော့်ရဲ့  Nintendo 3DS





ကျွန်တော် အသစ်ဝယ်ထားတဲ့ ဂိမ်းစက်ကလေးကို ကြွားမလို့ ပါ။ ဒါက တော့ Nintendo ကထုတ်တဲ့ 3DS XL Animal Crossing bundle ပါ။ 3DS ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်၊ 3DS XL က ဂိမ်းဆော့ လို့ ရတဲ့ မျက်နှာပြင်ပို ကြီးတော့ ပိုပြီးဆော့လို့ကောင်းပါတယ်။ ဒါပေမယ့် ပုံမှန် 3DS ထက်တော့ ပိုပြီးလေးတာပေါ့နော်။ ကျွန်တော့်  သူငယ်ချင်းကပြော ဖူးတယ် Nintendo ဆိုတာကလေးတွေ ဆော့တာ၊ တကယ့် Gamer တွေက Playstation, PC နဲ့ Xbox မှဆော့တာလို့ သူကပြောဖူးပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ Nintendo ကိုဆော့ လေ့မရှိပါဘူး။ ဒါပေမယ့် ဒီဂိမ်းစက်ကို ၀ယ်ရတဲ့ ကြောင်းလေးက ဒီ Animal Crossing ဂိမ်း ကြောင့်ပါ။ ပုံမှန်ထက် ပိုလှတာတော့ အမှန်ပဲ။ ကျွန်တော်က အဖြူရောင် Electronics အသုံးဆောင်ဆိုရင်တော်တော် ကြိုက်ပါတယ်။ (အရင်တစ်ခေါက် PSP တုန်းက လည်း အဖြူလေး လက်ဆောင် ရထားတာပါ။) ခု အဖြူ ပေါ်မှာ Animal Crossing ထဲက အသီးလေးတွေနဲ့ ဆိုတော့ တော်တော်လေးကို သဘောကျပြီး ၀ယ်ခဲ့တာပါ။ Animal Crossing ဂိမ်းကလည်း အရမ်းကောင်းပါတယ်။ ၂၁၀၃ မှာထွက်တဲ့ Nintendo ဂိမ်းတွေထဲမှာ အကောင်းဆုံးလို့ပြောလို့ ရပါတယ်။ ခုတော့ ဒီဂိမ်းစက်လေးရလို့ ကျွန်တော် ကတော့ တော်တော် ပျော်နေပြီ။ ဟဲဟဲဟဲ… ပျော်လွန်းလို့ လည်း မျှဝေလိုက်တာပါ။ ကျေးဇူးပါ။













ဒီဘူးလေးက ကျွန်တော်ဟာကျွန်တော် သက်သက်ဝယ်ထားတာ ပါ။

Sunday, April 21, 2013

အမဲသား

အမဲသား လို့ ကျွန်တော်တို့ ပြောကြပါတယ်။ တော်တော် များများ က အမဲသားလို့ ပြောတဲ့ အခါ နွား ရဲ့  အသားလို့ ပဲ ထင် နေကြပါတယ်။ ဒါပေ့မယ့် မဟုတ်ပါဘူး။ အမဲ သား က နွား ရဲ့  အသား ပဲ မဟုတ်ပါဘူး။ အမဲ ဆိုတာ ခြေ ၄ချောင်း ရှိတဲ့ အကောင်တိုင်းကို ဆိုလို ပါတယ်။ မုဆိုး က တောထဲသွား ပြီး အမဲ လိုက် ရင်၊ နွားသွား ဖမ်းတာ မဟုတ်ပါဘူး။ တော ကောင် အကြီး တွေသွားဖမ်းတာပါ။ ဒါဆိုရင်တော့ အမဲ ရဲ့  အကြောင်းကို သိပြီလို့ ထင်ပါတယ်။

စာမေးပွဲ လည်းရှိသေးလို့ နောက် မှပဲ ဆက်ရေးတော့ မယ်။ စိတ်ကူးပေါက်လို့ ထရေးလိုက်တာပါ။