Welcome To Alfalfa Snow Blog

You are warmly welcome from Alfalfa Snow Blog. To read the entire blog. You should have ZawGyiFont in your computer and browser. To download ZawGyiFont, you may click HERE. If you can read the following phrase: မင်္ဂလာပါ။ , you can read the entire blog. Thanks.
Alfalfa

Wednesday, December 21, 2011

ကြည်နူး စရာ အကျင်နာ တရား


                      ကျွန်တော် ဒီ ဗီဒီယိုလေးကို ကြည့်တော့ ခံစားမိတယ်ဗျာ။ ဒါမျိုးက လူတိုင်းလို အပ်တဲ့ ဘဝပုံစံ ပဲ မဟုတ်လား။ ကျွန်တော့် ဇီဝဗေဒ ဆရာမက ပြောဖူးတယ်။ လူ ဆိုတဲ့ အမျိုးက အားနည်းတယ်၊ တစ်ယောက်ထဲ မရပ်တည်နိုင်ဘူး။ အသိဉာဏ် သာမရှိဘူးဆိုရင် တခြား သတ္တဝါ တွေ နှိပ်စက် တာကို ခံရနိုင်ချေ များတယ်။ ဒီတော့ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီကြရတယ်။ ဒီလိုနဲ့ ပဲ လူဘောင်ဆိုတာဖြစ်လာတယ်။ ဒါပေ့မယ်လည်း လူတွေရဲ့  အတ္တတွေ ကြောင့်ပဲ ထင်ပါတယ်၊ ပျက်စီး ရတာပါပဲ။ ပိုင်ဆိုင်မှုတွေနောက်လိုက်ရင်းနဲ့ ဘဝ ပျက်ကျရတာပါပဲ။ တစ်ယောက်ကို တစ်ယောက်သာ ရိုင်းပင်း ကူညီ ပြီး ဂရုဏာ ထားကြမယ် ဆို အားလုံးပျော်ဖို့ ကောင်းမှာပါ။ လောကကြီးကလည်း ကျေနပ်စရာတွေပဲ ဖြစ်လာမှာပါ။ လူသား အားလုံးကူညီနိုင် ကျပါစေဗျာ။

သီချင်းနာမည် က - One Day
ဆိုတဲ့လူက - Matisyahu

Wednesday, December 14, 2011

မြန်မာ အက္ခရာမှာ မောက်ချ နဲ့ ရေးတာ ဘယ် နှစ်လုံးရှိလဲ

         

          မြန်မာ အက္ခရာမှာ မောက်ချ နဲ့ ရေးတာ ဘယ် နှစ်လုံးရှိလဲ။ ဒီလိုမေး လိုက်လို့ "ကကြီး ကနေ အ" ထိ "ကာ၊ခါ … အာ" လုပ် မနေပါနဲ့။ ဒီမေးခွန်းလေးက ကျွန်တော် ၁၀ တန်း တုန်းက ကျူရှင်မှာ မြန်မာစာ ဆရာ ဦးကြည့် မြှင့် က မေးတဲ့ မေးခွန်းလေးပါ။ ကျွန်တော် က မြန်မာစာ ညံ့တယ်။ ဒါပေမယ့် ဆရာတွေ ချစ်တာကိုတော့ ခံချင်တယ်။ ဒီတော့ ဆရာတွေပြော သမျှ ကို လိုက်မှတ်ထားတယ်။ ဆရာကြီး ပြောတာတွေဆို များလွန်းလို့ မှတ်လို့ ကို မနိုင်ပါဘူး။ ဒီထဲ က ကျွန်တော် မှတ်မိတာ တစ်ခုကို ပြန်ပြော ပြတာပါ။ 

          ဆရာ အဲ့လိုမေးတုန်းက တစ်ခန်းလုံး ဘယ်သူ မှ မဖြေနိုင်ဘူး။ ဒါနဲ့ ဆရာ က မဖြေနိုင်လဲ ထားလိုက်ပါတော့ ဆိုတဲ့ သဘောမျိုးနဲ့ သူပြော စရာရှိတာကို ဆက်ပြောတယ်။ ပုံပြင် တစ်ပုဒ် လိုပဲ။ ဆရာဘာပြောလဲ ကြည့်ရအောင်။

          ကောင်လေး တစ်ယောက်ရှိတယ်။ အဲ့ဒီကောင်လေးက စာမလုပ်တော့ မိဘတွေက ဆူလွှတ်လိုက်တယ်။ ဒီတော့ အကိုတွေ ၊ အမတွေ ဆီသွားတယ်။ သူတို့ ကလဲ မချော့တဲ့ အပြင် ထပ်ပြီး ဆူလွှတ်လိုက်တော့ ကောင်လေး စိတ်ပျက်ပြီး အပြင်ထွက်လာတယ်။ လမ်းမှာ ခွေးလိုက်လို့ ထွက်ပြေးရပြန်ရော်။ ခွေး မလိုက်တော့ တဲ့ နေရာရောက်တော့ ကောင်လေးက မောမောနဲ့ နားလိုက်တယ်။ သူ့ကို အားလုံးကနိုင်နေ ကြပါလားလို့ ထင်ပြီး သိမ်ငယ် လာတယ်။ အဲ့ဒီ အချိန်မှာပဲ တိုရှည်ရောင်းတဲ့ ကုလားမကြီးကိုတွေ့တယ်။ အဲ့ဒီကုလားမကြီးကိုတော့ သူနိုင်မှာပဲဆိုပြီး တိုရှည်ကိုသွားဝယ်တယ်။ ပညာ ပြချင်တာနဲ့ ကုလားမကြီးကိုအော် လိုက်တယ်။ ဘာလို အော်လိုက်လဲ ဆိုတော့ … “ဒါ ငါ့ ပါဝါ ၊ ခါဂါ မှတ်ထား….” အဲ့ဒီမှာတင်ပုံပြင်ကပြီးသွားပါတယ်။ ပြီးပြီး ချင်တော့ ဆရာဘာပြောတာလဲ ပေါ့။ ပြီးတော့ မှ ဆက်ပြောတယ်။ မြန်မာ စာ မှာ မောက်ချနဲ့ ရေးတာ၊ ဒါအကုန်ပဲတဲ့။ 

          ဆရာသာ ဒီလိုမပြောခဲ့ ရင် ကျွန်တော် တစ်သတ်လုံး မှတ်မိမယ် မထင်ပါဘူး။ ဆရာ က စာသင်တတ်တယ်၊ အပြောကောင်းတယ်။ ကျွန်တော် အဲ့ဒီမှာ နားထောင်ခဲ့ ရတာ က ရင်ထဲ ထိတောင်ရောက်တယ်။ အခု ကျွန်တော် ပြန်ရေးနေတာ က သူပြောခဲ့ တာ ကို လုံးဝ မမှီဘူး။ ဆရာကို သိတဲ့ လူတွေ နားလည်ကျမှာပါ။




ကဲ… မှတ်ထားကျနော်။ ဒငပဝခဂ… “ဒါ ငါ့ ပါဝါ ခါဂါ မှတ်ထား”

Tuesday, December 13, 2011

Google ပေါ် မှာ Graph နဲ့ ကစားမယ်

               ဒီ နေ့ Google Plus  သုံးနေရင်းကနေ စိတ်ဝင်စား စရာကောင်းတာ ၁ ခုတွေ့ ခဲ့တယ်ဗျ။ အဲ့ဒါလေး ကို ပြန် ပြီး မျှဝေ ပေး ချင်လို့။ ကျွန်တော့် ရဲ့  သူငယ်ချင်း တစ်ရောက် က ပရိုဂရမ်မာ၊ သူ က ကွန်ပျူတာ နဲ့ ပတ်သတ်ပြီး တော်တော် သိတယ်။ ကျွန်တော် နဲ့  က Google Plus မှာ Wild Ones ဆိုတဲ့ ဂိမ်းဆော့ ရင်းသိတာ။ သူ တင်ထား တာ လေး က ဒီလို - " Next time you like someone, tell them to copy & paste this into Google: (sqrt(cos(x))*cos(400*x)+sqrt(abs(x))-0.4)*(4-x*x)^0.1 "

               ကျွန်တော် ဒီ စာ ကြောင်းကို ဖတ် လိုက်တော့ ဘာလဲလို့ ။ နောက် ကူး ကြည့် ပြီး Google မှာ ရှာတော့ မှ ကြိုက်သွားတယ်။ ဟယ်ဟယ်။ စမ်းကြည့် ကြနော်။ ဒါမျိုး လင်းနို့ လူသားပုံလဲ လုပ်လို့ ရတယ်။ ပုံသေနည်း ကို Google မှာ ရိုက်ထည့်လိုက် ရုံပဲ။ ဟားဟား။

                ကျွန်တော် ပြော ချင်တာ က ဒါတင် မက ဘူး ၊ အင်ဂျင်နီယာကျောင်းသားတွေ အတွက် Graphic Calculator မလိုပဲ Google သုံးလို့ ရတယ် လို့ သတင်းပေးချင်တာ။


                  (sqrt(cos(x))*cos(400*x)+sqrt(abs(x))-0.4)*(4-x*x)^0.1