Welcome To Alfalfa Snow Blog

You are warmly welcome from Alfalfa Snow Blog. To read the entire blog. You should have ZawGyiFont in your computer and browser. To download ZawGyiFont, you may click HERE. If you can read the following phrase: မင်္ဂလာပါ။ , you can read the entire blog. Thanks.
Alfalfa

Tuesday, April 10, 2012

Invictus

Invictus


Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.


In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.


Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years,
Finds, and shall find, me unafraid


It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.

William Ernest Henley

Sunday, March 11, 2012

Naruto Shippuden : Ultimate Ninja Heroes 3


ကျွန်တော် လောလောဆယ် PSP မှာ Naruto Shippuden : Ultimate Ninja Heroes 3 ကစားလို့ ပြီးသွားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက် က ကျွန်တော် ကစားခဲ့တဲ့ Naurto : Ultimate Ninja Heroes နဲ့ လျှဉ် လိုက်မယ်ဆိုရင် ဒီဂိမ်းဟာ ပိုကောင်းနေတာကို တွေ့ရမယ်။ ဘယ်လောက်ကောင်းလဲ ဆိုရင် တော်တော်လေးကို ကောင်းပါတယ်။ ဇာတ်လမ်း သဘော အရကော်၊ Fighting အရပါကောင်းပါတယ်။ ပြောင်းလဲ သွားတာကို ပြောရမယ်ဆိုရင် ပထမဆုံး ပြောင်းလဲတာကတော့ ၄ ယောက်ထိ ချလို့ ရတာပါပဲ။ အရင် Naruto မှာ ၂ ယောက်ထိပဲ ချလို့ရပေမယ့်၊ အခု ၄ ယောက် တပြိုင် တည်းကစားနိုင်တာပါပဲ။ အဲ့ ဒီ အပြင် ၂ ယောက် ၁ဖွဲ့၊ ၃ ယောက် ၁ဖွဲ့၊ အကုန်လုံး မတည့် အောင်ထားပြီးလည်း ကစားလို့ရပါတယ်။

နောက် တခုကို ပြောမယ် ဆိုရင်တော့ ဇာတ်လမ်းပေါ့။ ဇာတ်လမ်း က Naruto Shippuden ရဲ့  အစ Naruto ပြန်လာတာ ကနေပြီးတော့ Itachi သေသွားတဲ့ အထိ ပါပါတယ်။ အဲ့ဒီ အပြင် ဇာတ်လမ်း ပို တစ်ခုပါပါသေးတယ်။ Moon Village ကို သွားတဲ့ ဇာတ်လမ်းလေးပေါ့။ Tsukino ဆိုတဲ့ကောင်မလေး ရယ် Jibakugan ဆိုပြီး လိုက် လိုက်အော်တတ်တဲ့ လူဆိုးကြီးရယ်၊ Naruto ရယ် Sasuke တို့ရဲ့ ဇာတ်လမ်း လေးပါ။ ဇာတ်လမ်း သစ်လေးပါတော့ မပျင်းရတော့ဘူးပေါ့။

နောက်ဆုံးတစ်ခုကတော့ အချင်းချင်း Fighting ချရုံတင် မဟုတ်ပဲ ပြေးရတာ ပါ ပါပါတယ်။ ကျွန်တော် ကတော့ အဲ့ဒါကို မကြိုက်ပါဘူး။ ချပဲချချင်တယ်။ ဒါပေမယ့် အကုန်လုံးကို ခြုံငုံပြောမယ်ဆိုရင်တော့ ဒီဂိမ်းလေး က မဆိုးပါဘူး။

ပြောသာ ပြော ရတယ်၊ ဒီဂိမ်းထွက်တာ ကြာပါပြီ။ အခုနောက်ဆုံးထွက်တဲ့ Naruto Ultimate Ninja Impact ကိုတော့ မစမ်းရသေးပါဘူး။ တော်တော် ကောင်းတယ်တော့ ပြောနေကြတယ်။ ကျွန်တော်လည်း စမ်းပြီးမှ ဘယ်လိုနေလဲ ထပ်ရေးပါဦးမယ်။ ခုတော့ Dante’s Inferno ကို အပြတ်ဆွဲနေပါတယ်။

Thursday, March 1, 2012

ကျွန်တော် တောင်းပန်ပါတယ်


တကယ်ပါ ကျွန်တော်တောင်းပန် ပါတယ်။ ကျွန်တော့် Blog ကို ဖတ်တဲ့ လူရှိ ချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ပုံမှန် ရေးချင်ပါတယ်။ ဒါက တော့ ကျွန်တော် ပထမ ဆုံးတောင်းပန်တာပါပဲ။ ဘာလို့ ဆိုတော့ ကျွန်တော် Blog ကို ပုံမှန် မရေးဖြစ်ခဲ့လို့ပါ။ လွန်ခဲ့ တဲ့ ၂ လလောက်ကနေ စပြီး ကျွန်တော် Project တွေ နဲ့ ရှုပ်ပြီး Blog ကို မရေးဖြစ်တော့တာပါ။ ခုတော့ ကျောင်းလည်းပြီးသွားပြီ ဆိုတော့ ကျွန်တော် အတတ်နိုင် ဆုံးပြန်ရေးမှာပါ။ ကျွန်တော့် ရဲ့  ပထမဆုံးတောင်းပန်ခြင်းပေါ့။

ဒုတိယ တစ်ခု တောင်းပန်ချင်တာက တော့ ၊ ဒီ post ရဲ့  ရှေ့ မှာ တင်ထားတဲ့ post တွေ က ဗီဒီရိုတွေ အကုန်ကြည့်လို့ မရတော့တာပါပဲ။ ဥပမာ - Kick Buttowski. ။ ဘာလို့ ကြည့်လို့ မရတာလဲ ဆိုတော့ ရှင်းရှင်း လေးပါပဲ၊ သူတို့ပြောတဲ့ Copyright ဆိုတာကြောင့်ပါပဲ။ ကျွန်တော်က ဗီဒီရိုတွေ ကို Youtube မှာ အရင် တင်တယ်၊ ပြီးမှ ဒီမှာ ပြန် Share တယ် ပေါ့ဗျာ။ ခုတော့ အဲ့ဒီ Kick Buttowski ကြောင့်ပဲ Copyright နဲ့ ညှိပြီး ကျွန်တော့် Youtube Account ပိတ်ခံရတယ် ဆိုပါတော့။ သူတိုရဲ့  စည်းကမ်း အရ ပိတ်ခံထားရတဲ့ လူက Account ထပ်ဖွင့်လို့ မရဘူးတဲ့။ ဖွင့်တော့ ဘယ်သူသိတာကျလို့။ ကျွန်တော် က လည်း စည်းကမ်းလိုက်နာ ပါတယ်။ ထပ်မဖွင့်တော့ပါဘူး။ နောက် ဗီဒီရိုတွေ တင်မယ်ဆိုရင်တောင် တခြား Video Sharing Website တွေ ကပဲ တင်ပါတော့မယ်။ ဘာပဲ ပြောပြော ကြည့်မရတဲ့ ဗီဒီရိုတွေ အတွက် တောင်းပန်ပါတယ်။ ကျွန်တော် အဲ့ဒီ ဗီဒီရိုတွေပါတဲ့ Post တွေကို ပြန်မဖျက်ပါဘူး။ အမှတ်တရ အနေနဲ့ ထားထားမှာပါ။