Welcome To Alfalfa Snow Blog

You are warmly welcome from Alfalfa Snow Blog. To read the entire blog. You should have ZawGyiFont in your computer and browser. To download ZawGyiFont, you may click HERE. If you can read the following phrase: မင်္ဂလာပါ။ , you can read the entire blog. Thanks.
Alfalfa

Sunday, March 11, 2012

Naruto Shippuden : Ultimate Ninja Heroes 3


ကျွန်တော် လောလောဆယ် PSP မှာ Naruto Shippuden : Ultimate Ninja Heroes 3 ကစားလို့ ပြီးသွားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက် က ကျွန်တော် ကစားခဲ့တဲ့ Naurto : Ultimate Ninja Heroes နဲ့ လျှဉ် လိုက်မယ်ဆိုရင် ဒီဂိမ်းဟာ ပိုကောင်းနေတာကို တွေ့ရမယ်။ ဘယ်လောက်ကောင်းလဲ ဆိုရင် တော်တော်လေးကို ကောင်းပါတယ်။ ဇာတ်လမ်း သဘော အရကော်၊ Fighting အရပါကောင်းပါတယ်။ ပြောင်းလဲ သွားတာကို ပြောရမယ်ဆိုရင် ပထမဆုံး ပြောင်းလဲတာကတော့ ၄ ယောက်ထိ ချလို့ ရတာပါပဲ။ အရင် Naruto မှာ ၂ ယောက်ထိပဲ ချလို့ရပေမယ့်၊ အခု ၄ ယောက် တပြိုင် တည်းကစားနိုင်တာပါပဲ။ အဲ့ ဒီ အပြင် ၂ ယောက် ၁ဖွဲ့၊ ၃ ယောက် ၁ဖွဲ့၊ အကုန်လုံး မတည့် အောင်ထားပြီးလည်း ကစားလို့ရပါတယ်။

နောက် တခုကို ပြောမယ် ဆိုရင်တော့ ဇာတ်လမ်းပေါ့။ ဇာတ်လမ်း က Naruto Shippuden ရဲ့  အစ Naruto ပြန်လာတာ ကနေပြီးတော့ Itachi သေသွားတဲ့ အထိ ပါပါတယ်။ အဲ့ဒီ အပြင် ဇာတ်လမ်း ပို တစ်ခုပါပါသေးတယ်။ Moon Village ကို သွားတဲ့ ဇာတ်လမ်းလေးပေါ့။ Tsukino ဆိုတဲ့ကောင်မလေး ရယ် Jibakugan ဆိုပြီး လိုက် လိုက်အော်တတ်တဲ့ လူဆိုးကြီးရယ်၊ Naruto ရယ် Sasuke တို့ရဲ့ ဇာတ်လမ်း လေးပါ။ ဇာတ်လမ်း သစ်လေးပါတော့ မပျင်းရတော့ဘူးပေါ့။

နောက်ဆုံးတစ်ခုကတော့ အချင်းချင်း Fighting ချရုံတင် မဟုတ်ပဲ ပြေးရတာ ပါ ပါပါတယ်။ ကျွန်တော် ကတော့ အဲ့ဒါကို မကြိုက်ပါဘူး။ ချပဲချချင်တယ်။ ဒါပေမယ့် အကုန်လုံးကို ခြုံငုံပြောမယ်ဆိုရင်တော့ ဒီဂိမ်းလေး က မဆိုးပါဘူး။

ပြောသာ ပြော ရတယ်၊ ဒီဂိမ်းထွက်တာ ကြာပါပြီ။ အခုနောက်ဆုံးထွက်တဲ့ Naruto Ultimate Ninja Impact ကိုတော့ မစမ်းရသေးပါဘူး။ တော်တော် ကောင်းတယ်တော့ ပြောနေကြတယ်။ ကျွန်တော်လည်း စမ်းပြီးမှ ဘယ်လိုနေလဲ ထပ်ရေးပါဦးမယ်။ ခုတော့ Dante’s Inferno ကို အပြတ်ဆွဲနေပါတယ်။

No comments:

Post a Comment