Welcome To Alfalfa Snow Blog

You are warmly welcome from Alfalfa Snow Blog. To read the entire blog. You should have ZawGyiFont in your computer and browser. To download ZawGyiFont, you may click HERE. If you can read the following phrase: မင်္ဂလာပါ။ , you can read the entire blog. Thanks.
Alfalfa

Monday, November 28, 2011

ဘူးတောင်းနစ် စောင်ခြမ်းပေါ်


                     ဘူးတောင်းနစ် စောင်ခြမ်းပေါ်

သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ရှေ့ဆောင်၊
မွဲရင်ဖြင့်လူ့ဘောင်မှာ၊
...
ခွေးတောင်မှမလေး။
မျိုးဇာတိအနွယ်မှန်ပင်
ငွေဓနံရှိမှအေး။
ဘူးတောင်းနစ်စောင်ခြမ်းပေါ်
ပုံဆိုသော်မဝေး။
တစ်ဝမ်းဝင်တစ်မိမွေးသော်မှ
ပေးနိုင်မှချစ်ကြည်။
ဆွေမျိုးကိုမဆိုထားပါနှင့်
ငွေအားသာဖြစ်ပါတော့သည်။
ဗြဟ္မာစိုရ်လေးမီ
မတည်ကြည်ကုန်ကင်းလို့
ငွေအရင်းမင်းမူသည့်တာ
တင့်တယ်လှပါ။
လူရည်တတ်မျက်နှာငယ်
စက္ကဝါနှယ်ဝန်းသို့လေး။

အချုပ်တန်းဆရာဖေ (တေးထပ်၊ ကုန်းဘောင်ခေတ်)
 
ကျွန်တော် ဒီကဗျာ လေးကို တင်ဖြစ် ရတဲ့ အကြောင်း က တော့ ကြိုက် လို့ ပါ။ ဒီကဗျာလေး ကို ကြားဖူးတာ ကျွန်တော် ၁၀ တန်းတုန်း က မြန်မာစာ ဆရာဦးကြီးမြှင့် ကပြော ပြ လို့ ကြားဖူးတာပါ။ ဆရာ က ၁၀ တန်း မှာ သင် ရတဲ့ အချုပ်တန်း ဆရာဖေ ရဲ့ ဆောင်းရာသီ ချမ်းအး ပုံအကြောင်း ရေးထား တဲ့ ကဗျာ အစား၊ ဒီ ကဗျာ ကို သင်ဖို့ ကောင်းတယ် ဟုပြောဖူးပါတယ်။ ကျွန်တော် လည်း အဲ့ဒီ အချိန်တုန်းက မှတ်ထား ပေမယ့် ကြာ လာတော့ လဲ မေ့သွား ပါတယ်။ အခု အချိန်မှာ ပြန် သတိ ရ ဖြစ်တဲ့ တိုက်ဆိုင် မှုမျိုး ရှိလာ လို့ တင်လိုက်ရတာပါ။ အချုပ်တန်းဆရာဖေ ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဆရာ ဦးကြီးမြှင့် ကိုလည်း ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment