Welcome To Alfalfa Snow Blog

You are warmly welcome from Alfalfa Snow Blog. To read the entire blog. You should have ZawGyiFont in your computer and browser. To download ZawGyiFont, you may click HERE. If you can read the following phrase: မင်္ဂလာပါ။ , you can read the entire blog. Thanks.
Alfalfa

Friday, November 18, 2011

PSP MODIFY 6.60


PSP CFW 6.60 PRO B-9
ဒီ Developer Pro Firmware လေး အကြောင်းပြောချင်ပါတယ်။ ဒီ CFW ဟာဆိုရင် Modify လုပ်ရတာ ခက်ပါတယ် ဆိုတဲ့ PSP3000 model series ကိုတောင် Modify လုပ်နိုင်ပါတယ်။ Pandora Battery လည်း မလိုပါ၊ Magic Memory Stick လည်းမလို ပါ။ ခု အောက်မှာပေးထားတဲ့ Link က နေ Download လုပ် ပြီး PSP ထဲကို ထည့်လိုက်ရင် ရပါပြီ။
လိုအပ်ချက် -
၁။ ။ PSP-3000 Series Model(1000,2000 နဲ့ Go လည်း Modify ၍ရတယ် ပြောသည်။ မစမ်းဘူး၍ အာမမခံချင်ပါ။ L )
၂။ ။ PSP Official Firmware(OFW) 6.60 update လုပ်ပြီးသား ဖြစ်ရမည်။ (မှတ်ချက်- တချို့  Website များတွင် OFW 6.20 မှ စ Hack လို့ ရ သည် ဟုပြောသည်။ သို့သော် 6.60 OFW ကို Hack ချင်းသည် စိတ် အချ ရဆုံးဖြစ်သည်။)
၃။ ။ ဒါပါပဲ။ ကျန်တာ က Hack ဖို့ပဲ လိုပါတော့သည်။ J
PSP OFW 6.60 မရှိ သူများ အတွက် DOWNLOAD ရန်။
EBOOT.PBP ဆိုတဲ့ OFW File ကို PSP Memory stick ထဲက PSP>>GAME>>UPDATE အောက်တွင် ထားပါ(မရှိလျှင် File အသစ်လုပ်ပါ)။ ပြီးလျှင် PSP ထဲမှ GAME အောက်တွင် UPDATE (EBOOT.PBP) ဆိုတာ ကို တွေ့ လိမ့်မည်။ အဲ့ဒါကို အရင် UPDATE လုပ်ပါ။ အဲ့ဒါ အကုန် ပြီးသွားရင်တော့ Modify လုပ်လို့ရပါပြီ။
PSP CFW 6.60 PRO B9 Download လုပ်ရန်။
Download ပြီးသွားလျှင် ZIP File ကို unzip ပါ။ PSP PROUPDATE နဲ့ FAST RECOVERY ဆိုတဲ့ FILE ကို PSP>>Game အောက်တွင်ထားပါ။


ပြီး လျှင် PSP ကို ကိုင် ပြီး GAME အောက်တွင် PROUPDATE ကို နှိပ်ပါ။ ပြီးလျှင် ခိုင်းတာ ကို ဆက် လုပ်ပါ။ ဒါဆို ရပါပြီ။ သွင်းပြီးသွားတော့မှ PROUPDATE ကို ဖျက် နိုင်ပါပြီ။ FASTRECOVERY ကို တော့သိမ်းထား ပေးပါ။ အကယ် ၍ မတော် တဆ၊ PSP အဆုံးထိပိတ်သွား လျှင် FASTRECOVERY ကို ပြန်သုံး မှ ဂိမ်းတွေ ပြန် ကစား လို့ ရပါမယ်။
ဂိမ်းတွေကို သွင်းချင်တယ် ဆိုရင်တော့ PSP Memory stick ရဲ့  ROOT အောက်မှာ ISO ဆို တဲ့ Folder အသစ် ဖွဲ့ ပြီး ဂိမ်းတွေကို သွင်းရပါမယ်။ ဂိမ်းတွေကို ဒီ LINK ကနေ Download နိုင်ပါတယ်။
ဆိုင် သွားပြီး ပိုက်ဆံပေး Modify စရာ မလိုတော့ပါဘူး။ ကိုယ့် ဟာကို Hack တော့ ဗဟုသုတ လည်း ရ ပါတယ်၊ ပိုက်ဆံလည်း မကုန်ပါဘူး။ ဒီ Hack နည်းက PSP ကို Brick မဖြစ်စေ ဘူးလို့  ပြော ပါတယ်။ PSP 3000 ရှိ လို့ Hack ရတာ ကြောက် နေတဲ့လူတွေ စိတ် ချ လက် ချ Hack နိုင် ပါသည်။ ဂိမ်မာ အားလုံး ပျော်ရွှင် နိုင်ပါစေ။



No comments:

Post a Comment